စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Monday, March 15, 2010

စိတ်အေးချမ်းသာ ရှိကြပါစေ..

ကျမ မအားပါဘူး.. ဒီလိုပြောလိုက်ရင် ဂျီတော့ခ် တချိန်လုံး ဖွင့်ထားတဲ့အတွက် ပြီးတော့ တချိန်လုံး စိမ်းနေတဲ့ အတွက် ကျမကို မသင်္ကာ ဖြစ်ကြဦးမယ်.. တကယ် ကျမ မအားမလပ် ဖြစ်နေတာပါ…. ဘာတွေနဲ့  မအားလပ် ရတာလဲ ဆိုတော့……………. စိတ်ရှုပ်ထွေးပင်ပန်းမှုတွေနဲ့ ပေါ့…..။

သြော်.. ထိပ်ထားကတော့ လုပ်ချလိုက်ပြီ.. စိတ်အေးချမ်းသာ ရှိကြပါစေဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး စိတ်တွေ ရှုပ်ထွေး ပင်ပန်းနေကြောင်းကို ပြောပါပေါ့.. ဒီလိုပါ.. ဒီ စိတ်ရှုပ်ထွေးမှုကနေ ကျမ ရလိုက်တဲ့ သင်ခန်းစာ လေး......။ ကျမရဲ့ စိတ်ရှုပ်ထွေးပင်ပန်းရခြင်းရဲ့ အကြောင်းကို ပြောပြပါရစေ… ပထမဆုံးက နေမကောင်းဖြစ်တာ၊ ပြီးတော့ လုပ်ငန်းခွင်ပိုင်းဆိုင်ရာ ပြဿနာအချို့ ၊ ကျမရဲ့ တာဝန် တစိတ်တဒေသ ဖြစ်တဲ့ လူထု အသိုင်းအ၀ိုင်း ဖွံ့ ဖြိုး တိုးတတ်မှု လုပ်ငန်း (Community Development) ရဲ့ ပြဿနာ အချို့ … တခုတည်းသော အကြောင်း ရင်းကတော့ ဒါတွေပေါ်မှာ လိုက်ခံစားနေတဲ့ ကျမရဲ့ အရူးစိတ်လေးကြောင့်ပါ။

ကျမဘ၀မှာ အကြိမ်ကြိမ် စိတ်ညစ်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ ခံစားခဲ့ရပါတယ်။ ကျမ အကြောင်း သေချာစွာသိကြတဲ့ လူတွေကတော့ ပြောပြစရာ မလိုတော့ပါဘူးနော်။ (မသိသေးသူတွေ အတွက် တော့ ကြုံမှပဲ ပြောပြပါ့မယ်)။ ဒီလို ပင်ပန်းမှုတွေ စိတ်ညစ်မှုတွေ ဖြစ်လာတိုင်း … ပျော်ပျော်လေးပဲ နေချင်လိုက် တာ… စိတ်ညစ်တာတွေ မလိုချင်ဘူး… ဘာလို့ ငါ့မှာ ဒီလောက် စိတ်ရှုပ်ထွေးစရာတွေ ကြုံရတာပဲ… အားလုံးကို ငါအကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာပဲ… ဘာလို့  မပျော်ရွှင်နိုင်၊ မချမ်းမြေ့နိုင် ဖြစ်ရတာပဲ… ဒီမေးခွန်းလေးကို ငယ်စဉ်ဘ၀တည်းက အခုလက်ရှိအရွယ်ရဲ့ တခါတလေသော အချိန်တွေမှာ မေးမိခဲ့တယ်။ တကယ်တန်း ရလာ တော့ အဖြေက ရှင်းရှင်းလေးရယ်… ။ ကျမ စိတ်ညစ်တာလေ… တခါတလေကျတော့ ဖြစ်ပြီးတဲ့ အရာအတွက်၊ တခါတလေကျတော့ မဖြစ်သေးတဲ့အရာအတွက်။ ပြင်ဆင်မရနိုင်တဲ့ အရာတွေအတွက်နဲ့ .. မဖြစ်သေးတဲ့အရာ တွေအတွက်… ဘာလို့ စိတ်ညစ်ရတာလဲ.. ပြင်ဆင်လို့ မှ မရနိုင်တော့တာ စိတ်ညစ်နေလို့  လည်း မထူးဘူး… ဖြစ်မှမလာသေးဘဲ.. မဖြစ်နိုင်အောင် တားဆီးနိုင်စွမ်းရှိပါလျက် ထိုင်ပြီး စိတ်ညစ်နေလို့  ဘာမှ ဖြစ်မလာဘူး ရယ်လေ… ။

ပျော်ပျော်နေ သေခဲ တဲ့… ဟာသတွေ ထိုင်ဖတ်၊ ထိုင်နားထောင်၊ ထိုင်ကြည့်၊ ရယ်ရလွန်းလို့  အူတတ်ပြီး သေသွားနိုင်တာပဲနော်… :) … အခုအချိန်မှာ ကျမကို ပျော်ချင်လား၊ စိတ်ညစ်ချင်လား လို့  မေးရင် ဘာမှ မဖြစ် ချင်ဘူးလို့ ပဲ ဖြေရမှာပဲ….။ ဘယ်သူမှတော့ စိတ်မညစ်ချင်ဘူးပေါ့နော်.. ဒါပေမဲ့ ပျော်ချင်ကြတာပဲ မဟုတ်လား… အဲဒီ့ ပျော်ချင်တဲ့ စိတ်လေးရယ်ကြောင့်ပဲ ကိုယ်မဖြစ်ချင်တာဖြစ်လာခဲ့ရင် စိတ်ညစ်ကြရတာပေါ့.. ပျော်တဲ့အခါ အစွမ်းကုန်ပျော်မိသလောက်၊ စိတ်ညစ်ရတဲ့အခါမှာလည်း အစွမ်းကုန် စိတ်ညစ်ရတတ်ပါတယ်။ ပျော်စရာကြုံ လာလည်း အလွန် ပျော်ရွှင်မနေ၊ စိတ်ညစ်စရာကြုံလာရင်လည်း အလွန်စိတ်ညစ်မနေဘဲ ပုံမှန်အတိုင်း အေးချမ်း စွာနဲ့ နေနိုင်သင့်ပါတယ်…..။ ကျမရဲ့ စိတ်ရှုပ်ထွေးပင်ပန်းနေတယ်ဆိုတဲ့ အရူးစိတ်လေး တွေကို ဖျောက်ပစ်ဖို့  ကျမ တခုပဲ ရွေးချယ်ခဲ့ပါတယ်….။ တရားစာအုပ်တွေ ထိုင်ဖတ်ဖို့ ကိုပေါ့… အိပ်မပျော်လည်း တရားစာအုပ်ဖတ်၊ အားနေလည်း တရားစာအုပ်ဖတ်၊ ဒီလိုဆို ကျမ ပျော်လည်း မပျော်ဘူး.. စိတ်လည်း မညစ်ဘူး… စိတ်တော့ တအားချမ်းသာတယ်ရှင်….။ ကျမ မိတ်ဆွေတွေကိုလည်း စိတ်ချမ်းသာ စေချင်တယ်။ မပျော်ချင်ပါနဲ့ နော်… စိတ်လည်း မညစ်ပါနဲ့ .. စိတ်ချမ်းသာစွာသာ နေနိုင်အောင် ကြိုးစားပါရှင်..။

မေတ္တာဖြင့်

ထိပ်ထား


7 comments:

Anonymous said...

ကျေးဇူးများစွာပါ...မမ ။ မမ လည်း အားလုံးနဲ့ထပ်တူ
ပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ။


လေးစားစွာဖြင့်
မောင်လေး..

OpaKaNaung said...

နယူးပို့စ်ဆိုလို့လာကြည့်တာ ထိပ်ထားရဲ့ညည်းချင်း ဖြစ်နေတာကိုး..စိတ်ညစ်ရအောင် လိပ်ဖြစ်တာလဲမဟုတ်.စိတ်ညစ်ရင် အိပ်ပစ် ညီမလေး..အဲဒါ အကျိုးရှိတယ်..

ထိပ်ထား said...

:)

စိတ်ချမ်းသာစေချင်သူ said...

စိတ်ညစ်ရင် အိပ်ပစ်တဲ့ သိပ်ကောင်းတဲ့အကြံပေးချက်ပဲ.
ဟုတ်တယ် ထိပ်ထားလေးရေ.. အိပ်သာအိပ်လိုက်.. ဘာမှ မစဉ်းစားပဲ အိပ်လိုက်. နိုးလာရင် ပျောက်ရောပဲ.
ကျန်တာ ဘာမှ မလုပ်နဲ့..

လောကမှာ ပျော်ချင်တဲ့စိတ်လဲ မကောင်းဘူး စိတ်ညစ်ရင်လဲ မကောင်းဘူး. စိတ်အေးချမ်းမှုက အကောင်းဆုံးပဲ. စိတ်ညစ်တုန်းမှာ တရားနာ တရားစာအုပ်ဖတ်တာ အကောင်းဆုံးပဲ. စိတ်မပါဘူးဆို အိပ်သာအိပ်လိုက်..

နေကောင်းအောင် နေနော်.

ထိပ်ထား said...

ကျေးဇူးပါရှင်.. စိတ်ချမ်းသာစေချင်သူလည်း စိတ်ချမ်းသာပါစေ....

မမေသက် said...

တကယ့်စိတ်ချမ်းသာစေတဲ့ နည်းလေးကတော့ မိမိစိတ်ကို လောဘစိတ်ဒေါသစိတ် မောဟစိတ်မာနစိတ်မနာလိုစိတ်ငါထင်စိတ်တွေကို ဖြစ်ခွင့်မ၇အောင် စိတ်ကို သတိအစဉ်ကပ်ပြီး သိသမျှ မရှိတော့တာလေးတွေ ၊ နေမကောင်း ဖြစ်လာတဲ့ အခါမှာလည်း ရုပ်ခန္ဓာ၇ဲ့ မတည်မြဲတဲ့ အမြဲ တရစပ်ဖောက်ပြန်တိုင်းကို ပျက်စီးသွားကြတယ်။ အသစ်အသစ်တွေ အစားထိုးသွားကြတယ်လို့  သတိနဲ့ စောင့်ကြည့်တတ်အောင် အဲ့လို အမှန်သိစိတ်လေးတွေ နှလုံးသွင်းမှုကို သတိ၇တိုင်း လေ့ကျင့်ပေးပါနော်။ ထာဝရစိတ်ချမ်းသာမှု အေးချမ်းမှုကို အများက လာဖျက်လို့ မရတော့တဲ့ အထိ အကျိုးပေးပါလိမ့်မယ်နော်။ တရားစာအုပ်တွေဖတ်တာတော့ကောင်းပါတယ။် ဒါပေမဲ့ မိမိစိတ်ကို လောဘဒေါသမောဟတွေ ဖြစ်ခွင့်မ၇အောင် စိတ်ကို လေ့ကျင့်ခြင်းက ပိုကောင်းလို့ အကြံပေးမိတဲ့ စေတနာစိတ်လေးကို နားလည်ပေးနော်။ အဓိက စိတ်ကို ညစ်နွမ်းစေတာက အဲ့ညစ်ပတ်တဲ့ စိတ်တွေ အထိခိုက်ခံနေလို့ ပါ။
စိတ်အေးချမ်းအောင် ပိုမိုလေ့ကျင့်နိုင်ပါစေ။ စိတ်မှာ ကပ်ကပ်လာသမျှ လောဘစိတ် ဒေါသစိတ် မောဟစိတ် မာနစိတ် တွေကို ဖယ်ထုတ်သန့် စင်နိုင်ပါစေလို့ 
မေတ္တာများဖြင့်
မမေသက် http://maythetwin.multiply.com

ထိပ်ထား said...

ဟုတ်ကဲ့ပါ မမေသက်ရှင့်... တရစပ်ပျက်ဆီးဖောက်ပြန်မှု ကို သတိရှိဖို့  စေတနာထားတဲ့ အမကို ကျေးဇူးတင်ပါတယ်ရှင့်... ဒါပေမဲ့ အမရေ... အဲဒီ့လို မှတ်ပါလို့  လူတိုင်းကို တိုက်တွန်းဖို့ ရာက မလွယ်လှဘူးလေ.. ညီမ အခုရေးပေးတာက သာမာန်၊ တရားနဲ့  မထိတွေ့ ဖူးသူတွေအတွက်လည်း အကျိုးရှိအောင်ပါ။ လူတိုင်းဟာ လည်း လုပ်ဖို့ ရာ မလွယ်ပါဘူး... ဒါကြောင့် လူတိုင်း အတွက် စတင်လုပ်ဖို့  လိုအပ်တာလေးကို ညီမ ပြောပြရတာပါ။ သဒ္ဓါအပြည့်မရှိသေးသူ အတွက် ပဲ ဖြစ်ဖြစ်၊ ဘာဝနာအကြောင်း သေသေချာချာ မသိသေးသူပဲ ဖြစ်ဖြစ်၊ တရားဆိုတာ ဘာမှန်းတောင် မသိသေးသူ ပဲ ဖြစ်ဖြစ်... တရား အသိလေး အရင်ဆုံး ရှိသွားသင့်ပါတယ်.. အချို့ကျတော့ ၀ိပဿနာ ဆိုတာ ဘာမှန်းတောင် မသိပါဘူး အမ.. တရားအားထုတ်တယ်ဆိုတာကို ရှင်းလင်းစွာ သိသင့်တယ်လေ... ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကိုသော်မှ သေချာရှင်းလင်းစွာ မသိပါဘဲ၊
တဏှာဆိုတာ ဘာမှန်းတောင် ရှင်းလင်းစွာ မသိပါဘဲ၊ တရားစအားထုတ်တာနဲ့ စာရင် အရင်ဆုံး အဲဒါလေးတွေကို ဖတ်ရှိနားလည်သင့်တယ်လို့  ညီမက ယုံကြည့်လို့ပါ အမရေ... တရားနာ၊ တရားစာအုပ်ဖတ် ၊ ဘယ်ဟာကိုပဲ လုပ်လုပ်ပါ.. အဓိက က အသိတရားလေးတွေ ရှိသွားစေဖို့ နဲ့  လက်ရှိအချိန်လေးမှာ ငြိမ်းအေးဖို့ ပါ... ပြီးတဲ့နောက်တော့ စာတွေ့နဲ့ မရပ်ဘဲ လက်တွေ့ပါ ဆက်ရမယ်ပေါ့နော်... စာတွေ့နဲ့  လက်တွေ့ ဆက်စပ်ပေးဖို့ ပါ။